Saturday, May 8, 2010

ကျမ၏မိခင်

၉ မေ ၂၀၁၀ မိခင်များနေ့အမှတ်တရ


မိခင်များနေ့နီးလာ၍ လူအများမိမိ မိခင်၏ချစ်ခြင်းမေတာအကြောင်းပြန်စဉ်းစားအောက်မေ့ကြသည်..

ကျမလည်း..ကျမမိခင်အကြောင်းပြန်စဉ်းစားမိတော့… အများနှင့်တူချင်မှတူလိမ့်မည် ဖြစ်တဲ့ ကိုယ့်မိခင်အကြောင်း မှတ်မှတ်ရရ ရေးချင်နေမိသည်…

ကျမမှတ်မိသလောက် ငယ်ဘ၀ကိုပြန်စဉ်းစားလျှင်… ကျမမိခင်သည် အလွန်အလုပ်များသောသူတယောက်ဖြစ်ကြောင်းမှတ်မိသည်။ ကျမတို့မောင်နှမ ၈ ယောက်.. အထက်အောက်သိပ်မကွာလှသော ကလေးတသိုက်နှင့် ည့်သည် ပြတ်သည်ဟု မရှိသလောက် ( မိခင်ဖက်နှင့် ဖခင်ဖက် အမျိုးများသော) အိမ်တခုလုံး ပုံမှန်လည်ပတ်နိုင်ရေးအတွက် လုံးခြာလိုက် အားသည်ဟူ၍ သိပ်မရှိလှ။ ကျမမိခင်သည် တလ တလ ဖခင်တဦးတည်း၏ ၀င်ငွေနှင့်လုံလောက်အောင်အမြဲချင့်တွက် နေရလေသည်။ အစိုးရသမမှပေးသော ၀န်ထမ်းဆန်နီနီ သည် အမေ့အတွက် အင်မတန်မက်မော စရာဖြစ်သည်။ အမေက ကျမတို့ မောင်နှမများထဲမှ ၂ ယောက်လောက်ကို ၀န်ထမ်းဆန်ရပြီဆိုလျင် သွား၍ သယ်ခိုင်းလေ့ရှိပြီး အမေမှာစိတ်သက်သာရာ ရဟန်မျက်နှာထားနှင့်ရှိနေတတ်သည်။ ကျမမှာ ၃ တန်း ၄ တန်းမျှသာရှိသေးသော်လည်း အမေ့၏သောကကို ရိပ်မိကာ ကြိတ်၍စိတ်မကောင်းဖြစ်ရသည်။ ၁ ရက် ၂ရက် နေလို့ဖြင့် မပြန်တတ်သော ည့်သည်များတွက် အမေ့မှာကြိတ်သက်ပြင်းချခဲ့ပေလိမ့်မည်။ သို့သော် ကလေးတယောက်သာဖြစ်သော ကျမသည် ည့်သည်လာလျင်ပျော်မိသည်သာ…

သို့ဖြင့် ကျမမှတ်မိသလောက် ကျမတို့မောင်နှမများက အမေနှင့် လက်ပွန်းတတီးနေလေ့မရှိပေ… အမေသည် ကျမတို့မောင်နှမများကို အဖေ့ထက်ရိုက်တတ်ပေသေးသည်..ကျမတို့တွေကြီးလာတော့ ဖခင်တဦးတည်းဝင်ငွေဖြင့် သားသမီးများ တကသိုလ်ထားရန်အခက်အခဲ ကိုကြိုမြင်ကာ သိုးမွေးထိုးစက်တလုံး တောင်ကြီးထိဆင်းကာဝယ်ယူခဲ့လေသည်… အမေပြန်ရောက်သောနေ့က အားလုံးဝမ်းသာအားရ ဖြစ်ကြရသည်… ကျမမှာ အမေပြန်ရောက်၍၀မ်းသာသည်က တကြောင်း မိမိမမြင်ဘူးသော ၊ အမေက အလွန်ကောင်းသည်ဟုပြောသော ထိုသိုးမွေးစက်ကိုပိုင်ဆိုင်ရသည်ကတကြောင်းဖြင့် အလွန်ပျော်ရွင်မိသည်.. အမေမှာလည်း မျက်နှာဝင်းပ၍ ထိုသိုးမွေးထိုးစက်အား အရိပ်တကြည့်ကြည့်ဖြစ်လျက်နေသည်… သို့သော် မကြာခင် အပူပိုင်းဒေသသို့ အဖေပြောင်းရွေ့မိန့်ကျရာ ထိုစက်ကြီးကို နှမြောစွာရောင်းလိုက်ရလေသည်..

နေရာသစ်ရောက်တော့ အမေ့မှာအားချိန်ပိုရှိလာသည်… နယ်မှ ကူညီသူခေါ်ထားပေး၍ဖြစ်သည်…

အမေသည် ရိုးရာဂျက်ခုတ်နည်းဖြင့် ကျမတို့မောင်နှမ တယောက်စီအတွက် စောင်တထည်စီရက်ပေးမည်ဆိုကာ ၃ ၄ ထည် လောက်ယက်လိုက်သေးသည်… သို့သော် အမေစိတ်ပြောင်း၍ လည်ပတ်များယက်လိုက်သည်တွင် အချို့မှသဘောတကျရှိလှ၍ ရောင်းပင်ရောင်းလိုက်ရသေးသည်… နောက်ပိုင်း အမေယက်သော စောင်သည် အသုံးတဲ့လှသည်… သို့သော် ည့်များသောကျမအိမ်တွင် မကြာခဏ ပစည်းပျောက်တတ်သေးရာ ထိုစောင်များမှာလည်း တထည်ပြီးတထည်ပျောက်၍ ကုန်လေသည်။

အမေသည် ကျမတို့အိမ်ကို လွမ်းမိုးနိုင်လွန်းသူဖြစ်သည်၊ အမေမစားသော အသားများ ကျမတို့အားလုံးမစားကြပေ၊ ကြီးလာမှ အပြင်တွင် ၀ယ်စားတတ်သော်လည်း သိပ်ကြိုက်လှသည်မရှိပါ။ အမေသည် ဟင်းအမည် များများ ချက်လေ့မရှိ၊ ချက်သောဟင်းတိုင်းလဲ ထပ်တလဲလဲစားရသော်လည်း အရသာရှိလှသည်။ စိတ်ရှည်စွာချက်တတ်၍ဖြစ်သည်၊

ကျမတို့ကြီလာမှ အမေသည် မိတ်ကပ်ပြင်ချိန် ၊ လူမူရေးလုပ်ချိန်ရှိလာသည်၊ ကျမတို့မောင်နှမမှာ အမေ အပြင်သွားရန် စိတ်ထက်သန်လျက်ရှိသည်ကို မြင်လျင် သဘောတကျရှိလှသည်.. နူတ်ခမ်းနီဆိုးရန်ပြောလျင် အရောင်နုနုကိုသာ ဆိုးလေ့ရှိသည်...

အမေသည် ကျမတို့မောင်နှမများအား သိပ်ဖြစ်ထွန်းစေလိုသည်.. စိတ်ထင်တိုင်းမဖြစ်လာကြသော ကျမတို့အား အမေသည် အားမလိုအားမရဖြစ်ရသည်… ထိုအခါသူမငယ်စဉ်က မည်သို့ လုပ်ခဲ့သည်.. ဖြစ်ခဲ့သည် စသည်ဖြင့်ပြောပြတတ်သည်… ကျမသိရသလောက် အမေသည် သူတို့ရွာတွင်အလှဆုံးဖြစ်ခဲ့သည်… နောက်ပိုင်း အမေ့ရွာမှရွာသားများ ကျမတို့ ညီအမများကိုတွေ့လျင်…. အင်း… အမေကိုမမှီကြဘူးဟုပြောတတ်ကြသည်.. ထိုအခါအမေမှ ယုံပြီလား ဆိုသော အကြည့်ဖြင့်ကျမတို့ကို ကြည့်လေသည်.

အမေသည် သားသမီးများအတွက် အမြဲဆုတောင်းတတ်သူဖြစ်သည်… နောက်ပိုင်းမှ အမေသည် အခြားသူများအတွက်ပါဆုတောင်းပေးဖို့လိုကြောင်း ပြောကာ… ကျမတို့ ညပိုင်းမိသားစု ဘုရားဝတ်ပြုလျင် တလှည့်စီ မိသားစုအတွက် နှင့် တခြားသူများအတွက်ဆုတောင်းကြရသည်..

အမေသည် သားသမီများကို ချစ်သည်ဟု ပြောခဲသည်.. မိဘမေတာသိပ်ကြီးကြောင့်းဖြင့် ကျမတို့ကို မကြာခဏတရားဟောတတ်သည်..

ကျမ အမေဖြစ်စေချင်သလို ၊ ဖြစ်စေချင်သလောက်ဖြစ်မလာတဲ့အတွက် စိတ်မကောင်းဖြစ်ရပါသည်. အထူးသဖြင့် ကျမ၏ အိမ်ထောင်ရေးအတွက် အမေ့မှာ အမြဲပူပင်ရသည်.. တခါ ကျမကို လာ၍တီးခေါက်ကြသည်တွငိ အမေသည် တဖက်လူကိုသဘောကျသော်လည်း.. ကျမနှင့် ကျမအဖေ၏ သဘောကျပင်.. ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ဘူးသည်.. ပြီးမှ အမေ့မျက်နှာပျက်လျက် ( နှမြောနေဟန်တူပါသည် ) ရှိသည်.. ကျမမှာ ရင်ထဲမှအလုံးကြီးကျသွားသော်လည်း အမေ့ကိုကြည့်ရင်း မိမိကိုယ်ကိုအပြစ်တင် ငိုချင်နေမိတော့သည်….

ထို့နောက်ပိုင်းတွင် ( နောက်ထပ်ကမ်းလှမ်းချက်များရှိခဲ့သော်လည်း )အမေသည် စပ်ပေးဖို့ကိစကို မပြောတော့ပေ.. အမေသည် ကျမချစ်သောသူကိုသာ လက်ထက်စေလိုပေလိမ့်မည်.. ထိုသူကိုလည်းလက်ခံနိုင်ရန် ပြင်ဆင်ထားပေလိမ့်မည်.. သို့သော် ကျမသည် ကျမ ချစ်သောသူ၏ ထားရစ်ခဲ့ခြင်းကိုခံရသူတယောက်ဖြစ်ပေသည်.. ကျမ၏ မျက်ရည်များကို ( အများ မမြင်စေချင်သော ) အမေသည် မသိချင်ယောင်ဆောင်ပေးခဲ့သည်. ကျမတို့မိသားစုအတွင်း မိမိအချစ်ရေးများ ပြောဆိုလေ့မရှိပေ.. ကျမအကို မောင် များလက်ထပ်ရန်ဖြစ်လာလျင် မိဘများအား တိုးတိုးတိတ်တိတ်ပြောဆိုပြီး အိုကေပြီဆိုမှ ကျန်မောင်နှမများသိကြရသည်..

ကျမအသည်းကွဲနေစဉ်က အမေသည် ကျမ၏ မျက်နှာကဲ တကြည့်ကြည့်ဖြစ်နေတတ်၍ မျက်နှာမကောင်းသောကျမကိုမြင်လျင် အမေမျက်နှာ ကွက်ခနဲပျက်၍ ကျမကိုမျက်နှာလွဲသွားတတ်လေသည်.. ထိုအခါ ကျမမှာပို၍ စိတ်မကောင်းဖြစ်ရပြန်သည်…

ကျမသည် အမေ့ကို စိတ်ချမ်းသာစေချင်ပါသည်… အမေနူတ်ကသိပ်ပြောလှသည်မဟုတ်သော်လည်း.. အမေကျမကို သိပ်ချစ်ကြောင်း ကျမနှလုံးသားထဲကသိနေပါသည်… တခါကျမဖုံးဆက်တော့ အမေက ကျမကို ပြန်လာစေချင်ကြောင်း လွမ်းလှသည် ဟုပြောရာ ကျမရင်ထဲလိုက်ခနဲဖြစ်သွားသော်လည်း ဟန်မပြတ်.. ပြန်လာခါနီးပြီဖြစ်ကြောင်းပြောလိုက်သည်…

ကျမအတွက် သည်အမေသည် လောကတွင်ကျမကို အချစ်ဆုံးသောသူဖြစ်သည်.. ကျမကိုပျော်နေစေချင်သောသူ.. ကျမအတွက်ဒုခကိုခံလိုသောသူ.. ခံခဲ့သောသူဖြစ်ပါသည်။

No comments:

Post a Comment