နှစ်ဦးအချိန်မှာ လူတော်တော်များများကုန်သွားတဲ့အချိန်( နှစ်ဟောင်း ) ကို အနည်းနဲ့အများနှမြောတသဖြစ်ကြလိမ့်မယ်လို့ယူဆမိတယ်... ရည်းစားနဲ့ကွဲကွာကြများက ချစ်ကြင်နာခဲ့တဲ့အချိန်ကိုပြန်လိုမိလိမ့်မယ်.....မိသားစုနဲ့တကွဲတပြားနေရသူအဖို့ မိသားစုနဲ့ထမင်းလက်ဆုံစားရတဲ့အရသာကို လွမ်းဆွတ်မယ်......အလုပ်လုပ်နေရသူက ကျောင်းသားဘ၀ကိုပြန်လိုချင်မယ်....
လူတိုင်းက အရင်အချိန် ( ကုန်လွန်သွားတဲ့ ) ကို အကြောင်းအရာတခုခုကြောင့် ဒါမှမဟုတ် အကြောင်းအရာများကြောင့် တနည်းနည်းနဲ့ ပြန်လိုချင်ကြသူတွေ..... လွမ်းဆွတ်ကြသူတွေသာဖြစ်ပါတယ်....
ကိုယ်တိုင်လည်း နှစ်ကုန်ခါနီးပြီဆိုရင် ရင်ထဲဘယ်လိုခံစားချက်မှန်းမပြောတတ်အောင်ဘဲ တမျိုးဖြစ်ရတယ်....လူတွေဟာ ကိုယ်လိုချင်တဲ့အချိန်ကိုပြန်ပိုင်ဆိုင်ခွင့်ရှိကြရင်... ၀ယ်လို့များရခဲ့ရင်..... ချမ်းသာတဲ့သူတွေကိုပိုပြီးအားကျစရာဖြစ်မယ်နော်...ပြီးတော့လူတွေက ခုထက်ပိုပြီးချမ်းသာချင်ကြမှာ...
အတွေးလွန်လှချည်လားလို့ဆိုချင်ဆို.... တွေးမိတာလေးရေးလိုက်ပါရစေ....
အချိန်ရဲ့တန်ဖိုးရှိပုံတို့ဘာတို့မရေးပါဘူး.....သင်ခဲ့ရပြီးပါပြီ... လိုက်မလုပ်နိုင်သေးတာတခုဘဲ.....ခုရေးချင်တာက အချိန်ကတဆိတ်လူအပေါ်အနိုင့်အထက်ပြုလွန်းတယ်လို့ထင်တယ်...ညှိနိုင်းလို့မရ.. နားလည်မူယူလို့လဲမရ...လာဘ်ထိုးလို့မရ.. သူ့သဘောကျလူကလိုက်နေရတော့တာ...ခံပြင်းစရာကောင်းတယ်မထင်ဘူးလား...
ပိုဆိုးတာက လူကပါအချိန်ဘက်လိုက်တယ်... အချိန်ကခွဲခြားထားတာကို လူကထပ်ခွဲခြားလိုက်တော့ ပိုကွဲပြားသွားတော့တယ်...တွေးကြည့်စမ်းပါ.. ဟုတ်တယ်မလား ပြီးတော့လူက ဒါဟာဘ၀ပဲရယ်လို့ စကားလုံးအသစ်နဲ့ ကင်းပွန်းတပ်ပေးလိုက်ကြပြန်တယ်