မြို့ပြရဲ့ပြယုဂ်တစ်ခုဖြစ်တဲ့မှန်ပြတင်းပေါက်အကြီးကြီးတွေရှိတဲ့ အဆောက်အဦးအောက်ရောက်တယ်ဆိုရင်ပဲ ရုတ်တရက်လွမ်းဆွတ်စိတ်နဲ့ သူမမျက်ရည်ဝဲလာရသည်.... ဟိုအရင်တချိန်တုန်းက သူမတို့နှစ်ယောက်ဒီနေရာကို အတူတူဖြတ်လျှောက်ခဲ့ဘူးသတဲ့...အဲဒီကကျော်ရင် လမ်းမကြီးကိုဖြတ် ... ပြီးရင် သူမအားသူမအိမ်နားထိရောက်အောင်သယ်ဆောင်ပေးမည့် ဘစ်ကားငယ်လေးများ အချိန်ကြာအောင်စောင့်မှ တစီးစနှစ်စီးစလာလိမ့်မည်...
သို့သော်သူမစောင့်နေသည်က ဘစ်ကားမဟုတ်ပေ၊ သူရောက်လာဖို့ ၃ % သာသေချာသော possibility နှင့် သူ့အားလွမ်းဆွတ်သောစိတ်၊ တွေ့ချင်သောစိတ်ဖြင့် ခေါင်းမာစွာ ရပ်စောင့်နေရင်း...သူမကိုယ်သူမ stupid ဟုရေရွတ်လျက် နေရာမှ မရွေ့ရပ်နေတော့သည်.... သူမရင်ထဲမှာတော့နာကျင်မှုတွေပြည့်လို့ ...ဆူညံလှတဲ့ ရုံးနေ့တနေ့ ရုံးဆင်းချိန်မြင်ကွင်းနှင့်ဘစ်ကားမှတ်တိုင်သည် သူမနှင့် ကင်းကွာ လျက်ရှိသည်...
မည်မျှကြာအောင်ရပ်နေမိသည်မသိ... သူမခြေထောက်များညောင်းညာထုံကျင်လာတော့မှ သူမမျော်လင့်ချက်ကိုလက်လျော့လိုက်ဖို့သတိရလာသည်.....ထိုအတွေးကြောင့်ပင် သူမအားအင်ကုန်ခမ်းသွားလျက်... ရုတ်တရက် ထိုနေရာမှာပင် ထိုင်ချလိုက်တော့ရင်း.. အိခနဲဝိုင်းလာမျက်ရည်များသိမ်းဖို့ သူမ မျက်တောင်များ တဖျတ်ဖျတ်ခတ်နေသည်.....ထို့နောက် အသက်ကိုပြင်းပြင်းရူရိုက်ရင်းကြံရာမရ သူမ ကောင်းကင်ကိုမော့ကြည့်တော့ ကြယ်များဟိုနေရာ ဒီနေရာ လင်းလျက်နေပြီ....
ကဲ... သူမပြန်ရတော့မည်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment