Monday, November 21, 2011

အတွေးသစ်......

အလွမ်းစိတ်နဲ့ အသက်ရှင်ရတာ ငြီးငွေ့ဘီ၊
စိတ်ဓါတ်ကျကျပြီး နေနေရတာ.... အီလှဘီ၊
စိုးရွံ့မှုတွေရဲ့ ဖိနှိပ်မှုအောက်မှာ... မနေချင်တော့ပြီ၊
သံယောဇဉ်မီးရဲ့ အပူဟပ်တာမခံချင်တော့ပြီ၊
အတိတ်ဆိုးရဲ့ ပန်းချီကားကြီးကို.. မကြည့်လိုတော့ပြီ၊
အသဲကွဲ မျက်နှာဖုံးကို... ချွတ်ချချင်ပြီ၊

အဲဒါတွေရဲ့ ဆန့်ကျင်ဖက်တွေကို ပိုင်ဆိုင်ဖို့... ရွေးချယ်လိုက်ပြီ၊ ဘာလို့လဲဆိုတော့ ငါဟာ အဲသည်လို ခံစားရဖို့ မွေးဖွားလာခဲ့တာမဟုတ်လို့ပဲ.... ဘ၀ရဲ့အကောင်းဆုံးတွေကို ပိုင်ဆိုင်ရဖို့ငါအသက်ရှင်သန်တယ်....

Tuesday, November 8, 2011

....

အော်...... တနှစ်တောင်ကျော်လာဘီ.... ငါ့မှာဖြင့်...လွမ်းလို့ မဆုံးနိုင်သေးဘူး....

ခွဲခွာခြင်းဆိုတာ.... တွေ့ချင်ရက်... မတွေ့နိုင်တော့တာ.. မတွေ့သင့်တော်တာ...ကြာသွားတာကိုခေါ်တာထင်ပါရဲ့...

ကိုယ်မင်းကို တခါတလေ အိပ်မက်တယ်... တခါမှာတော့ မင်းက ကိုယ့်ကို ကြင်နာသတဲ့...

အင်း.... တို့တွေက ခုချိန်မှာ အရင်းနှီးဆုံး သူစိမ်းတွေပါ

Friday, September 30, 2011

Happy

Wow.....wow wow..

Hello My blog. It's been more than 4 months that I did not see you.

I feel like my best friend is around me.

Monday, April 4, 2011

bye

bye my blog ... i don't know when I see you again. I miss you already.

Friday, March 25, 2011

ဘ၀တစ်ဆစ်ချိုး

ဒီ ၂ နှစ်တွင်း ဖြတ်သန်းခဲ့ရ သမျှပြန်လှည့်ကြည့်မိတယ်.... ပညာတစ်ခုသင်ယူခွင့်ရတယ်.. လောကအကြောင်းပိုသိလာတယ်... ပျော်အောင်နေဖို့အရေးကြီးတာသိရတယ်..

ပြီးတော့ ဘယ်တော့မှ လုပ်နိုင်မယ်မထင်တဲ့... သူမရှိဘဲ လောကမှာ ပျော်အောင်နေနိုင်တယ် .. ဆိုတာသိရတယ်..

wow... ဘယ်တော့မှ အနာမကျက်တော့ဘူးထင်တဲ့.. အနာကျက်နေပါပေါ့... ကောင်းလိုက်တာ...

တကယ့် ဘ၀တစ်ချိုးပါလား... ခွန်အားလိုတယ်...
တကယ်ပြည့်စုံတဲ့ ပျော်ရွင်မူက.. ဘုရားဆီကသာ ရတယ်ဆိုတာ.. သေသေချာချာယုံလိုက်ပြီ...

Wednesday, March 23, 2011

ဟိုပြန်ရောက်ရင် ဒီ ပို့စ်လေး ကိုဖွင့်လို့ရတော့မှာမဟုတ်ဘူး... ကြိုတင်လွမ်းနေရတယ်...

ဟိုပြန်ရောက်လို့ ရင်ထဲက အသံတွေကို ဘယ်လိုနည်းနဲ့.. ဖွင့်ထုတ်ရမလဲကွယ်..

ငါဘွဲ့ရတော့မယ်...ကျောင်းပြီးတော့မယ် သိလား..
တကယ်တော့ ငါကျောင်းပြီးရင် နင်နဲ့လက်ထပ်ချင်ခဲ့တာ...ခုတော့နင်က တခြားတယောက်နဲ့ လက်ထက်ပြီးခဲ့ဘီ....

ငါဘာလုပ်ရမလဲကွယ်.... နာကျင်တဲ့ရင်တစုံနဲ့ ဒီမြေကိုနင်းရအုံးမတဲ့....

Friday, March 18, 2011

ဘ၀အမောတွေကြောင့် တိတ်တဆိတ်ကြေကွဲရပါတယ်...

ဒီပေခ်ျလေးက ကိုယ့်အတွက်ရင်ဖွင့်ရာနေရာလေးပါ.. နောင်တချိန်ပြန်ဖတ်ရင် ဘယ်လိုခံစားရမယ်မသိ..