ရက်ကိုလစား လကိုနှစ်စား နဲ့အချိန်တွေသာကုန်ဆုံးသွားပေမဲ့ မေ့လို့မရသေးပါချစ်သူ... အချစ်သီချင်းတွေကိုလည်းနားထောင်ဖို့ခွန်အားမရှိသေးပါ....
အော်...တခြားသူများကတော့ချစ်နိုင်ကြပါပေရဲ့......ကိုယ်ကတော့တခါသာတိုက်ရခဲ့ရတဲ့ချစ်စစ်ပွဲမယ်
အလဲလဲအကွဲကွဲအရူံးကြီးရူံးခဲ့သူမို့ နောက်တခါဖို့...ခွန်အားမရှိတော့ပါချစ်သူ...
ဒီတော့ အများရဲ့သနားတယ်ဆိုတဲ့အကြည့်မေးခွန်းတွေကိုယ်ရခဲ့တယ်...
မင်းကကိုယ့်ကိုသေရာပါဒဏ်ရာတွေပေးခဲ့တယ်နော်...ပြီးတော့မင်းကပျော်ရွင်စွာရယ်မောနေသတဲ့လားကွယ်..... ကိုယ်ကမင်းကိုထာဝရပိုင်ဆိုင်ချင်ခဲ့သူပါ.. မင်းကကိုယ့်အတွက်အရာရာထက်တန်ဖိုးရှိရသူပါချစ်ရသူ......မင်းပျော်မယ်ဆိုတော့လည်းတိတ်တဆိတ်နုတ်ဆိတ်နေခဲ့ပါပြီ.....အလွမ်းဒဏ်တွေကိုနာကျင်စွာခံစားရင်းပေါ့....မင်းနာမည်ကိုတိတ်ဆိတ်တဲ့ညတွေမှာတိုးတိုးရေရွတ်မိနေဆဲပါ... မင်းကခုလောက်ဆို တခြားသူတယောက်ရဲ့အမည်ကိုမြတ်နိုးစွာ ရေရွတ်နေလောက်ပြီပေါ့.......မင်းအချစ်မှာကံကောင်းပါစေကွယ်....
ချစ်သူ...ကိုယ်က
မင်းကိုအမြဲတမ်းပျော်ရွင်စေချင်သူပါ....အောင်မြင်မူ့တွေနဲ့သာယာစေချင်သူပါ...ပြီးတော့ ငါခံစားခဲ့သမျှပြန်ခံစားစေရယ်လို့သဘောမထားခဲ့ပါ...ကိုယ်ရဲ့ခွင့်လွတ်ခြင်းတွေကိုပါပေးခဲ့ပါတယ်..သွားပါကွယ်... ချစ်ခဲ့သမျှကို ကိုယ်ကြေနပ်စွာထွေးပွေ့ထားပါမယ်... အများရဲ့ထင်ကြေးပေးမူပေါင်းများစွာကိုရင်ဆိုင်ရင်း.. ကိုယ်မင်းကိုသတိရနေပါတယ်...
ကိုယ်မင်းလောက်ဘယ်သူ့ကိုမှမချစ်နိုင်တော့ပါချစ်သူ...မင်းရဲ့ရင်ခွင်ထဲခိုလှူံခဲ့ဘူးတဲ့နွေးထွေးမူမျိုးဘယ်သူ့ဆီကများ ထပ်ရနိုင်ပါ့မလဲကွယ်...မင်းရယ်ချင်မလားချစ်သူ... မင်းရင်ခွင်မယ် သက်ပြင်းရိုက်ရင်း တခြားဘာကိုမှမလိုချင်လောက်အောင် ကြေနပ်စွာအရာအားလုံးကိုမေ့နေခဲ့ဘူးသတဲ့....
တကယ်တော့ကိုယ်ကမင်းအချစ်ကို ကိုးကွယ်ခဲ့သူပါကွယ်...
ကျန်နေခဲ့မှာသိနေခဲ့ပါတယ်ချစ်သူ... ဒါပေမဲ့ကျန်နေခဲ့ဖို့ ဘယ်တုန်းကမှအဆင်သင့်မဖြစ်နေခဲ့ပါဘူးဆိုရင် မင်းကိုယ့်ကိုအပြစ်တင်အုံးမလားဟင်..ကိုယ်ကဒဏ်ရာပြင်းပြင်းရသွားတဲ့သားကောင်တကောင်လို..မင်းကိုစကားလုံးတွေနဲ့အနေခက်စေခဲ့ဘူးတယ်နော်..ဒါပေမဲ့ခဏလေးသာပါချစ်သူ..ပြီးတော့ကိုယ်အားအင်ကုန်ခမ်းသွားပြီး နာကျင်စွာ နုတ်ဆိတ်နေလိုက်ပါပြီ..ကိုယ့်ကြောင့်မင်းဝမ်းနည်းခဲ့သေးလား...
ခွင့်လွတ်ပါချစ်သူ....ဒါကကိုယ်ရဲ့နောက်ဆုံးကျဆုံးမူမတိုင်ခင်လေးပါ..
ခုတော့ကိုယ်နေတတ်ပါပြီချစ်သူ..မင်းမရှိတဲ့နေရာမှာနေတတ်ပါပြီ...လစ်ဟာနေတဲ့နှလုံးသားတခုနဲ့အတူဘ၀ကို ဆက်သွားပါပြီ...မတွေ့ချင်တော့ပါချစ်သူ... မင်းအသံ မင်းသတင်းတွေအားလုံးမကြားချင် မသိချင်တော့ပါ....မင်းနဲ့ပတ်သတ်ပြီးသိကျွမ်းခဲ့တဲ့ ကိုယ့်မိတ်ဆွေကောင်းအားလုံးကိုလည်း အဆက်ဖြတ်လိုက်ပါပြီ.......ကိုယ်ဒီဘ၀ကိုပျော်ရွင်စွာဆက်သွားချင်ပါသေးတယ်..
မင်းမရှိဘဲနဲ့ပေါ့....ဖြစ်နိုင်မလားချစ်သူ.......
( သတ်ပုံအနည်းငယ်ချွတ်ယွင်းချက်ရှိပါသဖြင့် ဖြည့်စွက်ဖတ်ပါရန်..)
အလည်လာသောကြောင့်ကျေးဇူးတင်ပါသည်ရှင်....

No comments:
Post a Comment